root H30-U10 ?

ကျွန်တော် အရင် အချိန် Honor ကိုင်ခဲ့တုန်းကပေါ့ ....

ရရခြင်းဆိုတော့ CoC လေးဆော့တတ်တော့ Xmod လေးနဲ့လဲဆော့ချင် Font တွေကလဲ ပြောင်းကြည့်ချင်ဆိုတော့ Root ဖောက်နည်းတွေလိုက်ရှာတာပေါ့ ... တွေ့ခဲ့ပါတယ် ( ကူးထားတာတွေကြည့်ပဲ တကယ်လက်တွေ့ မစမ်းကြပဲ တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် စာသားလေးတောင် မပြောင်းကြဘူး =D ) ဒီလိုနဲ့ပဲ နောက်ဆုံးမရတော့တာနဲ့ XDA forum ကို ဒိုးလိုက်ပြီးတော့ စာလေးဘာလေး နည်းနည်းဖတ်ကြည့်တော့တာပေါ့ ... ရှာရင်းဖွေရင်းနဲ့ပဲ Honor 3c ( H30-U10 ) နဲ့ပက်သက်ပြီးရေးထားတဲ့ Review လေးကို အမှတ်မထင်သွားတွေ့တယ် . အဲဒါ အမှတ်မထင်မဟုတ်ဘူး သူ့ဘာသာ ရေးထားတာ ကိုယ်ကလဲ ကိုယ့်ဘာသာ ရှာတာ :P .... အဲ ... အဲ ... ဒီလိုနဲ့ ပဲ ကျွန်တော် ရှာဖွေနေတဲ့ အဆင့်ကိုရောက်ရှိသွားပြီပေါ့ဗျာ ကျွန်တော် တွေ့ခဲ့တာတွေနဲ့ကတော့ တူတူလောက်ပါပဲ ဒါပေမယ့် တစ်ဆင့်ကျန်သွားတာကို ဘယ်သူမှ ထည့်မရေးပေးကြဘူးဗျ ... ထားပါ အဲဒါလဲ ကိုယ့် ကိစ္စမဟုတ်ပါဘူးလေ =D ဒီလိုနဲ့ ပဲ ကျွန်တော် လဲ တွေ့တော့ စမ်းကြည့်တာနဲ့ အဆင်ပြေသွားတယ်ဗျ .... အဆင်ပြေသွားလို့နေသလားဆိုတော့ နေတော့နေချင်ပါသော်လဲ တော်တော်များများက အဆင်မပြေကြဘူးဆိုတော့ ( အကြောင်းပြချက် ) ကိုယ်တိုင်ပြန်ဖတ်ချင်တာလဲပါတာပေါ့ ( ဖြေသိမ့်ခြင်း ) အဲဒီလိုနဲ့ပဲ ကျွန်တော် စာလုပ်လေး တစ်အုပ် အဖြစ် ပြန်ရေးပေးထားပါတယ်ဗျာ Step by Step ရေးပေးထားတဲ့အတွက် ဖတ်ကြည့်ရင် အဆင်ပြေမယ်ထင်ပါတယ်ဗျာ . ကိုယ်တိုင်ရေးထားတာတွေကို ပြန်ဖတ်တိုင်း မြန်မာလို မြင်ရတာကလွဲလို့ အင်္ဂလိပ် လို မြင်ရတာမှ ကောင်းအုံးမယ်လို့ ကိုယ်တိုင် Word ကနေပြီး PDF ပြောင်းပြီး ပြန်စစ်ကြည့်တဲ့အချိန်တိုင်း စဉ်းစားမိတယ် အရမ်းတော်တာပေါ့နော် စာရေးသားတာတွေက :D ပထမအဆင့် ခေါင်းမူးတယ် ဒုတိယအဆင့်ကတော့ ခေါင်းပါ ကိုက်လာတာပေါ့ဗျာ :P ဘာပဲဖြစ်ဖြစ် စာအုပ်လေးကို ဒေါင်းပြီး ဆက်သွယ်ရေးကို ပိုက်ဆံလှူ ချင်တယ်ဆိုရင်တော့ ဒေါင်း ပြီး ဖတ်ကြည့်ပေးပါဗျာ . အနည်းဆုံး အဆင်ပြေတယ် မပြေဘူးဆိုတဲ့ Reply လေး ပြန်ရင်ကို ကျေနပ်မိမှာပါဗျာ ....



0 comments:

Post a Comment

About