Sing ! Smule Hack Trick .

Sing ! Smule App ဆိုတာကတော့ အင်တာနက်ကနေပြီး သီချင်းဆိုကတဲ့ App တစ်ခုပေါ့ဗျာ ... သူက Application ကိုမဝယ်ဘူးဆိုရင် သီချင်းတွေဆိုလို့မရတာမဟုတ်ပေမယ့် Point system နဲ့သွားတော့ Ads ဘယ်နှခုကြည့်ရင် Point ဘယ်လောက် ... ဆိုပြီး သက်မှတ်ထားတော့ ဆိုလို့တော့ရတယ် ဒါပေမယ့် အင်တာနက်ဖိုးတွေ အပိုကုန်တာပေါ့ဗျာ ... ဝယ်မယ်ဆိုပြန်တော့လဲ ... တစ်လကို 9 $ လားမသိဖူး ၁ နှစ်ကို 39 $ လောက်ရှိတယ်ဆိုတော့ ... နှမျှောစရာကြီးလေ :P ဟုတ်တယ် ကိုယ်က ဘယ်တော့မှ အိတ်ဆိုက်ပြီး ဝယ်ချင်တဲ့လူမဟုတ်ဘူးဆိုတော့ crack ပြီးပဲ သုံးကျတာပေါ့ဗျာ ... crack တော့မယ်ဆိုရင် နည်းများစွာရှိနိုင်တဲ့အထဲမှ ကျွန်တော် ပြန်စမ်းလို့ အဆင်ပြေတဲ့ Lucky Patcher နည်းလေးနဲ့ပဲ Tutorial ရေးပေးလိုက်ပါတယ်ဗျာ ။ Okie အရင်ဦးဆုံး Lucky Patcher လေးကို ဒေါင်းလိုက်ပေါ့ဗျာ
" Download Lucky Patcher "

ဒေါင်းပြီးသွားရင် ဖွင့်ပြီး အဆင့်ဆင့်လုပ်ကြတာပေါ့ဗျာ =D Download ဆွဲပြီး Installation လုပ်လိုက်မယ်ဆိုရင်တော့ အောက်ကပုံအတိုင်း မြင်ကပြီပေါ့ဗျာ ။


ကျွန်တော့ဖုန်းက Root ဖောက်ထားလို့ Super Su { Super User Access } တောင်းနေတာပါ အကယ်လို့မရှိဘူးဆိုရင် ပေါ်မလာလောက်ဖူးထင်တယ် Unrooted Device မှာတော့ မစမ်းဖူးပါဘူး ... Unrooted Device တွေလဲ စမ်းချင်ရင် စမ်းကြည့်ပေါ့ဗျာ ဒါပေမယ့် ရပါမယ်လို့တော့ ကျွန်တော် အာမ မခံပါဘူးဗျာ :P { ဟုတ်တယ်လေ တော်ကြာ ကျွန်တော့ကို လာဆဲနေကြအူးမယ် :P } Root ဖောက်ထားရင်တော့ Grant ပေါ့ဗျာ မဖောက်ရင် အဲဒါလေးတက်မလာဖူးထင်ပါရဲ့ :P


Root Access ပေးပြီးသွားပြီဆိုရင်တော့ ... ပထမဆုံးပုံကို ပြန်ရောက်သွားပါလိမ့်မယ် ... အဲမှာ Application ရဲ့ ညာဘက် အပေါ် ဒေါင့်မှာ အစက်လေး ၃ စက်ကိုနှိပ်ပေးပြီး Menu ကိုဖော်လိုက်ပေါ့ဗျာ ... ပေါ်လာရင်တော့ Download Custom Patches ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ .... Custom Patches တွေရှိနေရင်တော့ ဒေါင်းလုပ်ဆွဲပြီး မရှိရင် မဆွဲပါဘူး ( သေချာမှတ်ထား :P )


Custom Patches တွေ ဒေါင်းလုပ်ရှိရင်တော့ ဒေါင်းလုပ်တတ်ပြီး ဒေါင်းလုပ်ဆွဲစရာမရှိဖူးဆိုရင် အောက်ကပုံလို တက်လာပါလိမ့်မယ် Ok နှိပ်ပေးလိုက်ပါ မနှိပ်ချင်လဲ Back Key နဲ့ ထွက်ပေါ့ ( တော်ကြာ ဒီလူနေရာတကာ ဆရာလုပ်တယ်ဆိုတာက ပါဦးမယ် :P )


ပြီးသွားရင်တော့ Lucky Pather ထဲမှာ Sing ! app ကို လိုက်ရှာပြီး တစ်ချက် click ( နှိပ်ပေးလိုက်ပါ ) ပြီးရင်တော့ သူ့ Application ကို ပြုပြင်ပြောင်းလဲနိုင်မယ့် ဘာဘာညာညာ Menu လေးကျလာပါလိမ့်မယ် ... အဲမှာ Open Menu of Patches ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် ... ( ဒိုင်လိုဆောကြီးထွက်လာကော :P )


ကျလာတဲ့ Menu တွေထဲကမှ Support patch for InApp and LVL emulation ဆိုတာကိုနှိပ်ပေးလိုက်ပါ ... ( ဒိုင်နိုဆောကြီးထွက်မလာပါဘူး :P )


တက်လာတဲ့အတိုင်းပဲ ရွေးပြီးတော့ Apply ကိုနှိပ်ပေးလိုက်ပါ


Patching Processes တွေကိုလုပ်ဆောင်သွားပါလိမ့်မယ် ...


Connection ရှိမှ ဒေါင်းတာလား မရှိလဲ ဒေါင်းသလားဆိုတာတော့မသိလို့ ကျွန်တော် ဖွင့်ပြီး Process ကိုထိုင်ကြည့်နေပါတယ် :P


Download ပြီးသွားရင်တော့ Analyzing results ဆိုတာ ပေါ်လာပါလိမ့်မယ်


Creating .odex with changes ဆိုတာလေး ဆက်ပေါ်လာပါလိမ့်မယ် ပြီးရင် Process တစ်ခုပြီးရင်တော့ Patching ပြီးသလောက်ဖြစ်နေပါပြီ


Patch Pattern N1 : Success.
Patch Pattern N2 : Success.

ပေါ်လာရင်တော့ Ok ပေးပြီးတော့ ခဏထွက်လိုက်ပါ ...


ပြီးရင်တော့ Lucky Pather ထဲက Sing ! ကိုပြန်နှိပ်ပြီး Create Modified APK File ဆိုတာကို နှိပ်ပေးလိုက်ပါ


အပေါ်ဆုံးမှာရှိတဲ့ CustomPatch-applied APK ဆိုတာကိုနှိပ်ပေးလိုက်ပါ


Loading Process လေးပေါ်ပြီး Create လုပ်ပြီးကြောင်းကို ပြောပြပါလိမ့်မယ် Apply ကိုနှိပ် ...


Patch Result အဆင်ပြေတဲ့အကြောင်းကို အစိမ်းရောင်နဲ့ ဖော်ပြပေးပါလိမ့်မယ် ... အကယ်လို အနီရောင်ဆိုရင်တော့ Fail ပါတယ် ပြန်လုပ်ကမယ်ပေါ့နော် ဒီနေရာမှာ Phone Root မဖောက်ထားရင် အနီးပြနိုင်တာကြောင့် Unrooted သမားတွေ ကျွန်တော့ကို အမြင်မစောင်းပဲ Modify App ကိုသာ အားမနာလျှာမကျိုး လိုက်တောင်းကြပေါ့ဗျာ :P


Patching လဲပြီးသွားပြီ Creating ပိုင်းလဲ ပြီးသွားပြီဆိုရင်တော့ Lucky Patcher Application အောက်ခြေမှာရှိတဲ့ Rebuild & Install ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ... Direction ရွေးခိုင်းတဲ့ နေရာလေးပေါ်လာပါလိမ့်မယ် ... LuckyPatcher Patch ကိုရွေးပေးလိုက်ပါ


Direction လေးတွေ အများကြီး ပေါ်လာပါလိမ့်မယ် Modified ကိုနှိပ်ပေးလိုက်ပါ


Modified ထဲကမှ Sing! ကိုရွေးပေးလိုက်ပါ


ခုဏက Create လုပ်ခဲ့တဲ့ File လေးတွေ ပေါ်လာပါလိမ့်မယ် ကျွန်တော်က အရင် Version တွေ တုန်းကလဲ Patch ထားလို့ ၂ ခုပေါ်နေတာပေါ့ဗျာ ပထမ ဆုံးလုပ်ရင်တော့ ၁ ခုထဲ ပေါ်နေပါလိမ့်မယ် ... ပေါ်လာတဲ့ Patch app file တွေကို နှိပ်ပေးလိုက်ပါ နောက်ဆုံးတစ်ခုပေါ့ ။


နှိပ်ပေးလိုက်ရင် ... အပေါ်ဆုံးက Integrate dalvik code to already installed application ဆိုတာကိုနှိပ်ပေးလိုက်ပါ သဘောကတော့ ဘာညာပေါ့နော် :P


သူက လုပ်တဲ့ သဘောအနေနဲ့ Yes or No မေးတာပေါ့ လုပ်ချင်ရင် Yes မလုပ်ဘူးဆိုရင် No ပေါ့ဗျာ အခုတော့ Yes ကိုရွေးပေးလိုက်ပါ


Integration results ဆိုတဲ့ အဆင်ပြေသွားပြီ ဖြစ်တဲ့ Result ကိုပြောပြပေးတာပါ Ok ပေးပြီးတော့ Lucky Pathcer ကိုပိတ်လိုက်လို့ရသွားပါပြီ ။ မင်းသားဖြစ်တဲ့ Smule , Sing! app ကိုဖွင့်ပြီး သီချင်းတစ်ပုဒ်ကို ဖွင့်ကြည့်ပေါ့ဗျာ ကျွန်တော်ကတော့ တွေ့တွေ့ချင်း Shwe Htoo ရဲ့ Crush ကိုဖွင့်လိုက်ပါတယ် ။


ကဲ စမ်းပြီဆိုတော့ တစ်ယောက်ထဲ သွားဟဲတာပေါ့ဗျာ Solo , Dan tan dan . Loading လေးကို ခဏစောင့်ပြီးတော့ သီချင်းဟဲတာပေါ့နော် .... ကျွန်တော်က Tutorial အတွက်သာရေးပေမယ့် Video ကိုပိတ်ထားပါတယ် ( ကိုယ့်ရုပ်ကိုယ်လဲ ပြန်လန့်မိတယ် :P ) အကယ်လို့ VIP မဟုတ်ဘူးဆိုရင်တော့ သီချင်းတစ်ပုဒ်ကို Point 25 or 75 ဆိုပြီး ပေါ်လာပါလိမ့်မယ် ။ Start ကိုနှိပ်ပြီး စပြီပေါ့ဗျာ


ကဲ အခုဆိုရင်တော့ Solo ဆိုလို့လဲရ Effect တွေလဲ သုံးလို့ရသွားပြီပေါ့ဗျာ ...


Be Happy Patching .

တစ်ဆင့်ချင်း သေချာရှင်းပြထားပေမယ့် နားမလည်တဲ့ အဆင့်တွေကို ...

Facebook   :   Hein Htet Kyaw ,
Messenger :   @CallMePuTuTuLay

ဆိုပြီးတော့ ရှာလိုက်ရင် ကျွန်တော့ကို ပြူးနေအောင် တွေ့ကပါလိမ့်မယ်ဗျာ ... အားလုံး အဆင်ပြေမယ်လို့ တော့ မျှော်လင့်ပါတယ်ဗျာ ... ဝယ်ချင်တယ်ဆိုရင်လဲ ဝယ်လို့ ရတဲ့ နည်းကို ကျွန်တော် ပြောပြပေးပါ့မယ်ဗျာ ... အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ရင်းနဲ့မှ

သားသား မောင် ကစ် xD

Change Font Settings { Mozilla & Chrome }

မရေးတာလဲ ကြာနေပြီလေ ... ရေးမယ့်ရေးတော့လဲ ဟိုးအစ General ကနေပြီးတော့ စရေးတာပေ့ါဗျာ ။

Font Design ပြောင်းတဲ့အခါမှာ ... Web browser တွေအပေါ်မူတည်ပြီးတော့ ပြောင်းနည်းလေးတွေ နည်းနည်းကွဲတာပေါ့ အိုကေ စကြရအောင်

အရင်ဦးဆုံး Mozilla Firefox မှာ Font ပြောင်းနည်းကတော့ Firefox ကိုဖွင့် Tools


ပြီးရင် Options အဲဒီနောက်မှာ Content


Content မှာ Fonts & Colors ဆိုတာလေးရှိပါတယ်အဲဒီမှာ ကိုယ်ပြောင်းချင်တဲ့ ဖောင့်နာမည်ကို ရွေးပေးကမှာပေါ့ဗျာ ဘယ်အရာကိုရွေးမလဲ မြန်မာ ၁ လား မြန်မာ ၂ လား မြန်မာ ၃ လားအစရှိသဖြင့်ပေါ့ဗျာ


အကယ်လို ဒီနည်းနဲ့ Font မပြောင်းလဲသွားဘူးဆိုရင်တော့ Font & Colors မှာ Advanced ဆိုတာလေးကိုနှိပ်ပြီး

Fonts For : Other Writing Systems
Proportional : Sans Serif
Serif : Pyidaungsu
Sans-serif : Pyidaungsu
Monospcace : Pyidaungsu

ဒီနေရာမှာ ပြည်ထောင်စုက ဖောင့်နာမည်ကိုပြောတာပါ အဲနေရာမှာ တစ်ခြား ကိုယ်ပြောင်းချင်တဲ့ ဖောင့်နာမည်ကို ရွေးပြီး ပြောင်းမယ်ဆိုရင် Browser မှာ ကိုယ်မြင်ချင်တဲ့ ဖောင့်နဲ့ မြင်နိုင်ပြီပဲဖြစ်ပါတယ်ဗျာ .... ဒါကတော့ Mozilla Firefox မှာပြောင်းတဲ့နည်းပေ့ါဗျာ ...

Google Chrome မှာကော ဘယ်လိုပြောင်းသလဲဆိုတော့ ,,,

Tools => Settings { Ctrl + H } History Tab ကနေပြီးတော့မှ Settings ကိုသွားနိုင်ပါတယ်ဗျာ Setting Page ကိုရောက်သွားရင်တော့ Show Advanced Settings ... ကိုနှိပ်ပေးပြီး Web Content မှာ Font ဆိုတာလေးရှိပါတယ် အဲဒီမှာ Customize Fonts ကိုနှိပ်ပေးလိုက်ရင် ....


Encoding မှာ Unicode ( UTF-8 ) ပြောင်းပေးလိုက်ရင်တော့ အဆင်ပြေပြေအသုံးပြုလို့ရနိုင်ပါပြီပေ့ါဗျာ 

ကျန်တာတွေတော့ ထွေထွေထူးထူးပြောစရာမရှိလို့ ဒီလောက်ပါပဲဗျာ :D

WIRELESS LAN NETWORKING အကြောင်း

Wireless LAN Networking ဆိုတာ နေရာဒေသ တစ်ခုအတွင်းက computer တွေက ရင်းမြစ်တွေကို တပြိုင်နက်တည်း wire ကြိုးနဲ့ချိတ်ဆက်မထားဘဲ ရယူ သုံးစွဲနိုင်တဲ့ network ပုံစံတစ်ခုဖြစ်ပါတယ်။ ဒီရင်း မြစ်တွေထဲမှာ ကြီးမားကျယ်ပြန့်တဲ့ broadband Internet ဆက်သွယ်ရေးတွေ၊ network မှာ ဝေမျှသုံးစွဲနေတဲ့ Printers တွေ၊ database ထဲက data file တွေအပြင် အသံ file နဲ့ ရုပ်သံ file တွေ streaming audio နဲ့ video file တွေပါဝင်ပါတယ်။ wireless network ကြိုးမဲ့ကွန်ယက် စနစ်နဲ့ ဆက်သွယ်မှုဖြစ်တဲ့ IOBASE-T network ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း လုပ်ဆောင် ပေးနိုင်ပါတယ်။
ကြိုးမဲ့ကွန်ယက်ကို ၁၉၉၉ ခုနှစ် ဇွန်လမှာ IEEE က 802.11 standard အဖြစ်စံသတ်မှတ်ခဲ့ပါတယ်။ 802.11 ရဲ့ စံသတ်မှတ်ချက် (၄) မျိုးရှိပါတယ်။

(1) 802.11
radio frequency လှိုင်း 2.4 GHz အတွင်း Phase shift keying (PSK) modulation ကို သုံးပြီး data ကို 1 Mbps ကနေ 2 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ IEEE ရဲ့ မူရင်းစံသတ်မှတ်ချက်ဖြစ်ပါတယ်။

802.11a
data 6Mbps နှုန်း၊ 12 Mps နှုန်း၊ 24 Mbps နှုန်းနဲ့ radio လှိုင်း 5 ကနေ 6GHz အတွင်းမှာ မြန်တဲ့ serial information signal တွေကို နည်းနည်းနှေးတဲ့ signal အဖြစ် ခွဲချပြီး မတူတဲ့ frequency လှိုင်းတွေက တဆင့်တပြိုင် နက်တည်းပို့လွှတ်နိုင်တဲ့ Orthogonal frequency Division Multi plexing (OFDM) modulation ကို သုံးပြီး အလုပ်လုပ် တဲ့အတွက်ကြောင့် data ကို အမြင့်ဆုံး 54 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ 802.11a ကို WiFi 5 လို့လည်း လူသိ များပါတယ်။

(3) 802.11b
Complementary Code Keying (CCK) modulation ကို သုံးတဲ့ 802.11bm data rate 11 Mbps ကိုလှိုင်း 2.4 GHz အတွင်းမှာ ပို့လွှတ်ပေးပြီး Wi Fi လို့လည်း ထင်ရှားပါတယ်။

(4) 802.11g
802.11 စံသတ်မှတ်ချက်ရဲ့ မူကြမ်းအဆင့်ပဲရှိ သေးတဲ့ 802.11g က သတ်မှတ်ထားတဲ့ အကွာအဝေးမှာ data 54 Mbps နှုန်းနဲ့ လှိုင်း 2.4GHz အတွင်းပို့လွှတ်ပေး နိုင်ပါတယ်။
ဒီ standard အားလုံးက path လမ်းကြောင်းကို ခွဲဝေသုံးစွဲပေးတဲ့ Carrier Sense Multiple Access with Collision Avoidance ဖြစ်တဲ့ CSMA/CA Ethernet protocol ကို အခြေခံထားပါတယ်။ ကြိုးမဲ့ကွန်ယက်နည်း ပညာတွေအကြောင်း ပြောပါမယ်။ WLAN နည်းပညာ (၄) မျိုးရှိပါတယ်။

(1) Narrowband
Narrowband နည်းပညာဆိုတဲ့အတိုင်း data ပို့ဖို့ 64 kbps အတွင်းရှိတဲ့ radio လှိုင်းကို သုံးပါတယ်။

(2) Spread Spectrum
Spread Spectrum ကို အစကစစ်တပ်မှာ သုံးဖို့ တီထွင်ခဲ့ပေမယ့် ပိုမယ့် data signal ရဲ့ လှုှိုင်းကို အဆက် မပြတ် ပြောင်းလဲနိုင်ဖို့ Spread Spectrum နည်းပညာက bandwidth များများသုံးနိုင်အောင် ဆောင်ရွက်ပေးပါ တယ်။ narrowband ထက် bandwidth ပိုများပြီး data ပို့လွှတ်မှုမှာလည်း စိတ်ချလုံခြုံပြီး လွယ်ကူပါတယ်။


(3) Frequency Hopping Spread Spectrum (FHSS)
FHSS က data ပို့တဲ့ computer နဲ့လက်ခံမယ့် computer ရဲ့ လှုှိုင်းပြောင်းလဲမှုတွေအတွက် ချိန်သားကိုက် လုပ်ဆောင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီ hopping လှိုင်း၊ frequency က အချိန်တစ်ခုရောက်တိုင်း လှိုင်းတစ် ခုကနေတစ်ခုကို ပုံသေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ frequency လှိုင်းမပြောင်းခင်မှာ data ကို ပို့တာ ဖြစ်ပါတယ်။

(4) Direct Sepence Spread Spectrum (DSSS)
ဒီနည်းပညာက FHSS ထက် bandwidth ပိုကြီးပြီး စိတ်ချလုံခြုံမှုကို ပိုပြီးဦးစားပေးထားပါတယ်။ ပို့မယ့် data ကို အစိတ်အပိုင်းလေးတွေ ဖြစ်အောင်ခွဲချလိုက်ပြီး frequency channel လှိုင်းလမ်းကြောင်းပေါ်ကနေ data ပို့ တာဖြစ်ပါတယ်။ ပို့မယ့် bit pattern တစ်ခုစီကို ထုတ်လုပ် ပါတယ်။ data bit တွေ ပျက်စီးသွားရင်တောင်မှ chipping code ကြောင့် data signal ကို ပြန်ပို့စရာမလိုဘဲ ပြန်လည်ရရှိနိုင်ပါတယ်။
802.11 စံသတ်မှတ်ချက်က operational ပုံစံနှစ် မျိုးသတ်မှတ်ထားပါတယ်။ ad hoc (peer-to-peer) ပုံစံနဲ့ infra structure ပုံစံတို့ဖြစ်ပါတယ်။
Ad-hoc ပုံစံမှာ 802.11 network interface cards တွေပဲပါဝင်ပြီး access point မသုံးဘဲ network ထဲမှာ computer တွေက တစ်လုံးနဲ့တစ်လုံးတိုက်ရိုက်ချိတ်ပြီး ဆက်သွယ်တာဖြစ်ပါတယ်။ ဒီပုံစံမျိုးနဲ့ ဆက်သွယ်မှုကို Independent Basic Service Set (IBSS) ဒါမှမဟုတ် peer-to-peer ပုံစံလို့ခေါ်ပါတယ်။


Infrastructure ပုံစံမှာ wire less access points နဲ့ 802.11 network interface card တွေနဲ့ဖွဲ့စည်းထားပါ တယ်။ ဒီပုံစံမှာ access point က base station ပုံစံနဲ့ network မှာရှိတဲ့ computer တွေကို access point ကနေ တဆင့်ဆက်သွယ်ပေးတာဖြစ်ပါတယ်။ ဒီ access point က wireless range ကို တိုးပေးနိုင်ပါတယ်။ wireless users တွေ များလာတာကိုလည်း လုပ်ပေးနိုင်ပါတယ်။ ဒီ netwok ရဲ့ လုံခြုံမှုကိုလည်း လုပ်ဆောင်ပေးပါတယ်။ wireless network မှာ access point တစ်ခုပဲ သုံးရင် Basic Service Set (BSS) လို့ ခေါ်ပြီး network မှာ access point တစ်ခုထက်မကချိတ်ပြီး ဆက်သွယ်ထားရင်တော Extended Service Set (ESS) လို့ ခေါ်ပါတယ်။


802.11 စံသတ်မှတ်ချက်မှာ roaming capabilities လို့ခေါ်တဲ့ client computer က ချိတ်ဆက်ဖို့ signal အား နည်းနေရင်မတူညီတဲ့ လှိုင်းလမ်းကြောင်း channel တွေ ပေါ်မှာရှိတဲ့ access point တွေကို အားကောင်းတဲ့ signal ရအောင် ချိတ်ဆက်ယူတဲ့ စွမ်းရည်ပါဝင်ပါတယ်။ ကြိုးမဲ့ကွန်ယက်မှာပါဝင်တဲ့ ပစ္စည်းတွေက computer 3 လုံးအထက် ကြိုးမဲ့ချိတ်တဲ့အခါမှ လိုအပ်မယ့် access point, ပေ ၁၀၀၀ အတွင်းအကာအကွယ်မရှိတဲ့ နေရာမှာ ad-hoc network ပုံစံနဲ့ ဆက်သွယ်မယ့် computer တွေအတွက် PC Card နဲ့ PCI Adapter၊ internet connection ကို ဝေခွဲသုံးစွဲဖို့ router တို့ပဲဖြစ်ပါတယ်

  1. ကြိုးမဲ့ကွန်ယက်မှာ ပါဝင်တဲ့ပစ၊ည်းတွေရဲ့ အကွာ အဝေး (ဒီအကွာအဝေးက accesspoint နဲ့ NIC card ရဲ့ အကွာအဝေး ဖြစ်ပါတယ်။)

  2. သုံးတဲ့ပစ၊ည်းတွေရဲ့ power အနေအထား(WLAN မှာ device တော်တော်များများဟာ cellular phone/walkie-talkie ထက် အဆပေါင်းများစွာ နည်းတဲ့ 30 mWပဲ ထုတ်ပါတယ်။)

  3. အဆောက်အဦးတွေ၊ အိမ်တွေမှာရှိတဲ့ ပစ၊ည်း ကိရိ ယာတွေ ( ဥပမာအားဖြင့် သစ်သား၊ သတ္ထု )

  4. Radio frequency interference ရဲ့ အကျိုးသက် ရောက်မှု

  5. Antenna အမျိုးအစားနဲ့ထားတဲ့နေရာ စတာတွေ ကြောင့် လုပ်ဆောင်နိုင်စွမ်းတွေ ကွာခြားပါတယ်။




   ကြိုးနဲ့ဆက်သွယ်တဲ့ ကွန်ယက်ပဲဖြစ်ဖြစ် ကြိုးမဲ့ ဆက်သွယ်တဲ့ကွန်ယက်ပဲဖြစ်ဖြစ် လုံခြုံရေးက အရေးကြီး ပါတယ်။ ကြိုးမဲ့ users တွေက security builtin ပါပြီးသား Wireless Equavalent Privacy (WEP) ကို သုံးပြီး မိမိတို့ ကွန်ယက်ကို အတော်အသင့်ကာကွယ်နိုင်ပါတယ်။ WEP မှာ 64 bit နဲ့ 128 bit encryption ကို သုံးထားပါတယ်။ default password တွေကို မကြာခဏပြောင်းလဲဖို့လိုပါ တယ်။ Access point တချို့ကို access လုပ်ခွင့်ရှိတဲ့ MAC (Media Access Control) ကို ကန့်သတ်ချက်ထားရပါမယ်။ IP address တွေကို dynamically ချပေးနေတဲ့ DHCP protocol ကို ပိတ်ထားဖို့လိုပါတယ်။ default သုံးထားတဲ့ ip address တွေရဲ့ subnet ကိုလည်းပြောင်းပေးရပါမယ်။ လုံခြုံမှုအရှိဆုံးကတော့ access point ကို သက်ဆိုင်ရာ LAN မှာ မထားဘဲ firewall မှာဒါမှမဟုတ် DMZ (demilitarized zone) မှာ ထားတာဖြစ်ပါတယ်။ VPN (Virtual Private Network) ကို သုံးဖို့လည်းလိုအပ်ပါတယ်။ ဒါတွေ က ကြိုးမဲ့ကွန်ယက်လုံခြုံရေးရှိဖို့လုပ်ဆောင်ရမယ့် လုပ် ဆောင်ချက်တွေ ဖြစ်ပါတယ်။

root H30-U10 ?

ကျွန်တော် အရင် အချိန် Honor ကိုင်ခဲ့တုန်းကပေါ့ ....

ရရခြင်းဆိုတော့ CoC လေးဆော့တတ်တော့ Xmod လေးနဲ့လဲဆော့ချင် Font တွေကလဲ ပြောင်းကြည့်ချင်ဆိုတော့ Root ဖောက်နည်းတွေလိုက်ရှာတာပေါ့ ... တွေ့ခဲ့ပါတယ် ( ကူးထားတာတွေကြည့်ပဲ တကယ်လက်တွေ့ မစမ်းကြပဲ တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် စာသားလေးတောင် မပြောင်းကြဘူး =D ) ဒီလိုနဲ့ပဲ နောက်ဆုံးမရတော့တာနဲ့ XDA forum ကို ဒိုးလိုက်ပြီးတော့ စာလေးဘာလေး နည်းနည်းဖတ်ကြည့်တော့တာပေါ့ ... ရှာရင်းဖွေရင်းနဲ့ပဲ Honor 3c ( H30-U10 ) နဲ့ပက်သက်ပြီးရေးထားတဲ့ Review လေးကို အမှတ်မထင်သွားတွေ့တယ် . အဲဒါ အမှတ်မထင်မဟုတ်ဘူး သူ့ဘာသာ ရေးထားတာ ကိုယ်ကလဲ ကိုယ့်ဘာသာ ရှာတာ :P .... အဲ ... အဲ ... ဒီလိုနဲ့ ပဲ ကျွန်တော် ရှာဖွေနေတဲ့ အဆင့်ကိုရောက်ရှိသွားပြီပေါ့ဗျာ ကျွန်တော် တွေ့ခဲ့တာတွေနဲ့ကတော့ တူတူလောက်ပါပဲ ဒါပေမယ့် တစ်ဆင့်ကျန်သွားတာကို ဘယ်သူမှ ထည့်မရေးပေးကြဘူးဗျ ... ထားပါ အဲဒါလဲ ကိုယ့် ကိစ္စမဟုတ်ပါဘူးလေ =D ဒီလိုနဲ့ ပဲ ကျွန်တော် လဲ တွေ့တော့ စမ်းကြည့်တာနဲ့ အဆင်ပြေသွားတယ်ဗျ .... အဆင်ပြေသွားလို့နေသလားဆိုတော့ နေတော့နေချင်ပါသော်လဲ တော်တော်များများက အဆင်မပြေကြဘူးဆိုတော့ ( အကြောင်းပြချက် ) ကိုယ်တိုင်ပြန်ဖတ်ချင်တာလဲပါတာပေါ့ ( ဖြေသိမ့်ခြင်း ) အဲဒီလိုနဲ့ပဲ ကျွန်တော် စာလုပ်လေး တစ်အုပ် အဖြစ် ပြန်ရေးပေးထားပါတယ်ဗျာ Step by Step ရေးပေးထားတဲ့အတွက် ဖတ်ကြည့်ရင် အဆင်ပြေမယ်ထင်ပါတယ်ဗျာ . ကိုယ်တိုင်ရေးထားတာတွေကို ပြန်ဖတ်တိုင်း မြန်မာလို မြင်ရတာကလွဲလို့ အင်္ဂလိပ် လို မြင်ရတာမှ ကောင်းအုံးမယ်လို့ ကိုယ်တိုင် Word ကနေပြီး PDF ပြောင်းပြီး ပြန်စစ်ကြည့်တဲ့အချိန်တိုင်း စဉ်းစားမိတယ် အရမ်းတော်တာပေါ့နော် စာရေးသားတာတွေက :D ပထမအဆင့် ခေါင်းမူးတယ် ဒုတိယအဆင့်ကတော့ ခေါင်းပါ ကိုက်လာတာပေါ့ဗျာ :P ဘာပဲဖြစ်ဖြစ် စာအုပ်လေးကို ဒေါင်းပြီး ဆက်သွယ်ရေးကို ပိုက်ဆံလှူ ချင်တယ်ဆိုရင်တော့ ဒေါင်း ပြီး ဖတ်ကြည့်ပေးပါဗျာ . အနည်းဆုံး အဆင်ပြေတယ် မပြေဘူးဆိုတဲ့ Reply လေး ပြန်ရင်ကို ကျေနပ်မိမှာပါဗျာ ....



Font Embed at Blogspot ?

အော် ... ဘလော့ဂါ တော်တော်များများက blogspot မှာ ဘလော့တွေရေးကြတော့ ယူနီကုဒ် အသုံးပြုသူတွေ ဖတ်လို့မရတဲ့အခက်အခဲတွေဖြစ်လာနိုင်တာပေါ့ဗျာ ... အဲဒီတော့ဘာလုပ်ရင်အဆင်ပြေမလဲ ?

အရင်ဦးဆုံး ကိုယ်က ဘာနဲ့ရေးမှာဆိုတာကို စဉ်းစားပေါ့ . ဇော်ဂျီနဲ့ရေးမှလား ယူနီကုဒ်နဲ့ရေးမှာလားပေါ့ ... အကယ်လို့ဇော်ဂျီနဲ့သာ "က" အယ် ရေးမယ်ဆိုရင်တော့ ဇော်ဂျီ ဖောင့်ကို Embed လုပ်ပေးရမှာပါ ယူနီကုဒ်နဲ့ ရေးမယ်ဆိုရင်တော့ ယူနီကုဒ်ကို Embed လုပ်ပေးရမှာပေါ့ဗျာ .

Embed လုပ်ခြင်းအားဖြင့် ?
Embed လုပ်ခြင်းအားဖြင့်တော့ ဖုန်းထဲမှာ ဖြစ်ဖြစ် ကွန်ပြူတာမှာ ဖြစ်ဖြစ် ဖောင့်မရှိရင်တောင် စာဖတ်လို့ရအောင်လုပ်ပေးတာပေါ့ဗျာ . အဲဒီတော့ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့တစ်ခုကို ယူနီကုဒ်နဲ့ ဖတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်တာပေါ့ . Blog တစ်ခုလုံးကိုပြောင်းလဲမှာဖြစ်တဲ့အတွက် ကိုယ်က သက်သက် ကြီးတင်ပေးနေစရာမလိုအပ်တော့ဘူးပေါ့ . မဟုတ်ရင် Converter တွေ သုံးနေရ ဘာရနဲ့အချိန်ကုန်တာပေါ့ဗျာ . မြင်ရတဲ့ ဖောင့်ကတော့ ကွန်ပြူတာ / ဖုန်း ထဲမှာမရှိတောင် မြင်ရအောင်လုပ်ပေးတာပေါ့ ... ရှင်းလေရှည်လေ ဖြစ်တော့မယ် .

ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတော့ .
Blogger ကိုဝင်လိုက်ပါ . ပြီးရင်တော့ Templates ဆိုတာလေးရှိပါတယ် အဲဒါကို နှိပ်ပေးလိုက်ပါ . နောက်ထပ်မြင်ရမှာကတော့ Customize ပဲပေါ့ ... အဲဒီထဲမှာ ဘယ်ဘက် အောက်ဆုံးမှာရှိတဲ့ Advanced ကိုနှိပ်ပေးလိုက်ရင်တော့ css ထည့်လို့ရတဲ့ နေရာလေးကို ရောက်သွားပါလိမ့်မယ်. အဲဒီမှာ Code လေးကို ကူးထည့်လိုက်ရင်တော့ အဆင်ပြေသွားပါပြီဗျာ .



ပြီးသွားရင်တော့ Apply To Blog ပါ ... ပြန်စမ်းချင်ရင်တော့ Website ကိုဖွင့်ပြီး ယူနီကုဒ် သွင်းထားတဲ့ Zawgyi သွင်းထားတဲ့ စက်မှာ အဲဒီဆိုဒ်ကို ကောင်းကောင်းဖတ်လို့ရပါပြီ .

ဇော်ဂျီ ထည့်ချင်ရင်တော့ mmwebfonts.comquas.com မှာသွားပြီး ဖောင့်ကိုယူလို့ရပါတယ်ဗျာ . ဒီလောက်ဆိုရင် အဆင်ပြေမယ်လို့တော့ မျှော်လင့်ပါတယ် .

X Mod ဆို​တာ​ဘာ​လဲ ဘယ်​လို​လဲ

ဆိုဒ်​က​လဲ ရေး​စရာ​မ​ရှိ​ရင် coc အကြောင်း​ပဲ ရေး​နေ​တော့ မ​ထူး​ဇာတ်​ကို​ထပ် ခင်း​ရ​တော့​တာ​ပေါ့​ဗျာ . Xmod ? ဘာ​လဲဆို​တာ မ​ရှင်း​ခင် သူ့​ကို​သုံး​တော့​မယ်​ဆို​ရင် Root ဖောက်​ထား​ဖို့ လို​အပ်​တယ်​ဆို​တာ အရင်​ပြော​ချင်​တယ်​ဗျ Xmod အကြမ်း​အား​ဖြင့်​ပြော​ရ​မယ်​ဆို​ရင်​တော့ CoC အတွက်​ကြည့်​ပဲ ထုတ်ထား​တဲ့ app တ​ခု​မဟုတ်​ပါ​ဘူး xmod Game Offcial Website မှာ ဖော်​ပြ​ထား​တဲ့ ဂိမ်းတော်တော်​များ⁠များ​ကို bot တစ်​ကောင်​လို သုံး​လို့​ရအောင် အဆင်​ပြေ​လွယ်ကူ​စွာ​အသုံးပြု​နိုင်​အောင်​လုပ်​ထား​တဲ့ app တ​ခု​ပါ​ပဲ​ဗျာ . Asphalt 8 အတွက်​ဆို​ရင်​တော့ Infinite Nitro ကို​ရ​မှာ​ပါ ဂိမ်း​ဆော့​ဖူး​ရင်​သိ​မှာ​ပေါ့ ဒါ​ပေ​မယ့်​လဲ Asphalt 8 နောက်​ပိုင်း update တွေ​ကြောင့် သူ​လဲ သိပ်​အသုံး​မ​ဝင်​တော့​ဘူး .... အို​ကေ ဒီ ကိစ္စ​ကို ဒီ​မှာ ရပ်​ခဲ့​မယ်​ဗျ ... နောက်ထပ် ထပ်ပြော​ချင်​တာ​ကတော့ အခု​တ​လော တော်တော်​များ​များ ဆော့​နေ​ကြ​တဲ့ CoC ( Clash Of Clans ) ဆို​တဲ့ ဂိမ်း​အတွက် xmod က အဓိက သွား​ကျ​သ​လို​ဖြစ်​နေ​တယ်​ဗျ အို​ကေ ဘယ်​လို သွား​ကျ​လဲဆို​တော့ CoC မှာ အရင်​ဆုံး တွေ့​ရ​မယ့် Function ကတော့ .... ပိုက်ဆံ ( Gold ) နတ်​ဆေး​ရည် ( Elixir ) နောက်​တော့ ဘာသာ​ဆက်​မ​ပြန်​တက်​တော့​တဲ့ De ( Dark Elixir ) ဘုရင်​နဲ့ ဘုရင်​မ​တွေ​အပြင် အနက်​ရောင်​လော​သား​တွေ​သောက်​သုံး​တဲ့ အရည် ( ကဲ ဒီ​နေရာ​မှာ နည်း⁠နည်း​ပြော​စရာ​ဖြစ်​သွား​လိမ့်​မယ် မ​တက်​နိုင်​ဘူး လူ​စိတ်ဝင်စား​အောင်​ရေး​ရ​မှာ​လဲ ကိုယ့် တာဝန်​လို​ဖြစ်​နေ​တော့ ဆောရီး​ပေါ့နော် ဟီး ) အို​ကေ ... အဲ​လို​တွေ​ကို Limit လုပ်​ပြီး​တော့ သုံး​သွား​ရ​တာ​ပေါ့ ဒီ​နေ​ရ​မှာ ခဏ​လေး​ရပ်​ခဲ့​အုံး​မယ် ... Installation အပိုင်း​လေး​ဆက်​သွား​လိုက်​အုံး​မယ်​ဗျ ....

Installation .
1 . Download App
2 . Install and Open It
3 . Touch Mod ( Green Logo )
4 . Find Install Mod and Then Touch To install .
5 . Install Mod will change ( Mod Installed )
6 . Now you can start by Touching Orange ( Launch )

မြန်မာ​လို မ​ရေး​ပဲ ဖျင်​ကောင်း​ကျယ်​တယ် ပြော​ခံ​ရ​မှာ​ဆိုး​လို့ ... မ​ထူး​ပါ​ဘူး​လေ​ဆို​ပြီး မြန်မာ​မ​ရေး​ပဲ ခပ်​တည်⁠တည်​ပဲ ကျော်သွား​လိုက်​တယ် :P အို​ကေ ... အဲ​ဒါ​ဆို​ရင် ခု​ဏ​က ရပ်​ခဲ့​တဲ့​အပိုင်း​လေး ပြန်သွား​အုံး​မယ်​ဗျ ... Launch လုပ်​ပြီး​သွား​ရင်​တော့ ... အရင်​ဆုံး စ​တွေ့​လိုက်​ရ​မှာ​က X ကို​အဝိုင်း​လေး​ထဲ ထည့်​ထား​သ​လို​မျိုး​လေး ... အဲ​ဒါ​လေး​ကို နှိပ်​လိုက်​ရင်​တော့ ပထမ​ဦး​ဆုံး​တွေ့​ရ​မှာ​ကတော့ ....
Gold More Than ဆို​တာ​ကို​တွေ့​ရ​လိမ့်​မယ်​ဗျ​ပြော​ချင်​တာ ကတော့ Gold ရွှေ More Than ထပ်​ပို​၍ လို့ ဘာသာ​ပြန်​ကြည့်​လိုက်​တယ် အဲ​ဒီ​တော့ အထဲ​မှာ 150,000($x) လို့ရိုက်ထည့်လိုက်မယ်ဆိုရင် ရွှေ တ​သိန်း​ခွဲ​နဲ့ အထက် ကို​ပဲ ပြ​ပေး​လိမ့်​မယ်​ဗျ .... အို​ကေ Elixir More Than က​ရော​ဘာ​လဲ ရိုး⁠ရိုး​ဘာသာ​ပြန်​တယ် နတ်​ဆေး​ရည် $x ထက်​ပို​၍ သူ့​ကို​လဲ ထား​လိုက်​မယ်​ဆို​ရင် တစ်​သိန်း​ခွဲ​ထက်​ပို​တဲ့ Base ကို​ပဲ​ပြေ​ပေး​ပါ​လိမ့်​မယ် မ​တွေ့ မ​ခြင်း​ရှာ​မယ်​တွေ့​ရင် ရပ်​သွား​မယ်​ပေါ့ ... နောက်ထပ် တ​ခု အကျန်​ပေး​ချင်​တာ​ကတော့ ဖြစ်​နိုင်​ရင် Dark Farm ဖို့​အတွက် မ​သုံး​စေ​ချင်​ဘူး​ဗျ ဘာ​ဖြစ်​လို့​လဲ မေး​ကျ​လိမ့်​မယ် အဖြေ​ကတော့ Dark Elixir က ဘယ် League မှာ​ရ​မယ် ဘယ် Trophies မှာ​ရ​မယ်​ဆို​တာ​ကို သေချာ​မ​သိ​နိုင်​လို့​ပေါ့ ... ကဲ ကျော်​လိုက်​မယ် ... ကျော်​ပေ​မယ့် ss လေး​ရိုက်​ပေး​ထား​လိုက်​တယ် ... Get Trophy More Than ... အဲ​ဒါ​ကို​တော့ မ​ထည့်​စေ​ချင်​ဘူး ပိုက်ဆံ ကုန်​တာ အဖက်​တင်​သွား​လိမ့်​မယ်​ဗျ ... Max TH Level သူ့​ကို​လဲ ဒီ​တိုင်း​လေး​ထား​လိုက်​တာ ကောင်း​ပါ​တယ် အဲ နောက်​တော့ ... Meet All The Conditions သူ​ကတော့ နည်း⁠နည်း​အရေး​ပါ​တယ် မဟုတ်​ရင် Dead Base ကို​ပဲ ရှာ​နေ​လိမ့်​မယ် Dead Base က ဘယ်​မှာ​နေ​မယ် မ​သိ​ဘူး​လေ အဲ​ဒီ​တော့ ပိုက်ဆံ ကုန်​တော့ Meet All The Conditions ကို On ပေးလိုက်​ပါ

ကဲ ဒီ​လောက်​က တော့ Gold & Elixir ရှာရမယ့်အပိုင်းက ပြီး​သ​လောက်​ဖြစ်​နေ​ပြီ .... မ​ပြီး​သေး​တာ​တ​ခု​ကတော့ ... Meet All The Condition အောက်မှာရှိတဲ့ Search Switch ကို On ပေးလိုက်ရင်တော့ ... ချက်ခြင်းရှာသွားပါလိမ့်မယ် မရှာဘူးဆိုရင်တော့ ... Attack! ထဲကိုဝင်ပြီး Multi မှာသွားပြီးတော့ တခုခုကိုရှာလိုက်ရင်တော့ အပေါ်မှာ ပြောထားတဲ့ $x ပမာဏကို မတွေ့မခြင်းဆက်ရှာပေးပါလိမ့်မယ်ဗျာ ဒါကတော့ ပိုက်ဆံရှာတဲ့အပိုင်းကို အဆုံးသတ်လုနည်းပါးရသွားပြီပေါ့ဗျာ ... အိုကေ နောက်ထပ်ကော ဘာရနိုင်သေးလဲ ? ရနိုင်တာ တခုရှိတယ်ဗျ အဲဒါကတော့ CW ( Clan War ) ကို အစမ်းသဘောမျိုးနဲ့ တိုက်လို့ရပါတယ် ... အယ် ဟုတ်လား မိုက်တာပေါ့ ဘယ်လိုမျိုးလဲ ? ...

ဘယ်လိုမျိုးလဲဆိုတာကတော့ .... Setting ကိုနည်းနည်းလောက် အောက်ဆင်းကြည့်လိုက်ရင် Sandbox Attack ဆိုတာလေးတွေ့ရပါလိမ့်မယ် ... အဲဒါလေးကို On ပြီးတော့ ... ကိုယ်တိုက်ချင်တဲ့ တပ်ကိုသွားလိုက်ရင်တော့ Boom , Traps တွေကို မြင်ရပြီးတော့ ဘယ်လိုတွေ တိုက်သင့်လဲ ဝင်သင့်လဲဆိုတာ အစမ်းသဘောမျိုးနဲ့ တိုက်လို့ရသွားပြီပေါ့ဗျာ ...


PS : Sandbox Attack လုပ်တဲ့အချိန်မှာ Search Switch က Off မှာပါ Search Switch လုပ်တဲ့အချိန် Sandbox Attack က Off မှာပါ တချိန်ထဲ မှာ အလုပ်မလုပ်ပါဘူး ... Sound Switch ဆိုတာကို On ထားလိုက်ရင်တော့ $x ရတဲ့အချိန်ကျရင်တော့ အသံလေး တခုပေါ်ထွက်လာအောင် လုပ်ပေးတာပေါ့ဗျာ ... အိုကေ ဒီလောက်ဆိုရင်တော့ ဘယ်လိုသုံးရမလဲ သိသွားလောက်ပြီပေါ့ဗျာ ... အားလုံး ပဲ အဆင်ပြေကြလိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်ဗျာ ....  ကဲအားလုံးပဲ အဆင်ပြေတဲ့ Clasher Life လေးကို လက်လွှတ် ဆုံးရှုံး မခံလိုက်ပါနဲ့လို့ ... ဝါသနာတခုအရင်းပြုပြီး ဆွဲလမ်းမှုကြီးဖြစ်ပြီးမှတော့ Let's Rock and Keep Rock လို့ပဲ ပြောလိုက်ချင်တယ်ဗျ ....
တခုတော့ရှိတယ်ဗျ Sandbox Attack ပြီးသွားရင်တော့ ဂိမ်းက crash ဖြစ်ပြီးပိတ်သွားပါတယ် အဲဒါက ဘမ်းခံရတာမဟုတ်တဲ့အတွက် ဆိုးရိမ်စရာမရှိပါဘူး ဘာလို့ crash ဖြစ်လဲ ဆိုတော့ loot ပါ ပမာဏ တက်သွားလို့ပဲဖြစ်ပါတယ် မတက်ရင်တောင် Troop ချပြီး End Battle နှိပ်ရင် တောင် crash ဖြစ်ပါတယ်လို့ .

တနေ့တော့ လမ်းမှန်ကိုလျှောက်ပြီး လမ်းမှန်ပေါ်မှာ ပျော်မွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ ... အခုလိုအချိန်ပေးပြီးတော့ ဖတ်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ် ... 

ချစ်တဲ့ - သားသား မောင်ကစ်ဒို .

Android 4.2 and About Phone အတွက် Gapps

တော်တော်များများ အခက်တွေ့နေလို့ ကျွန်တော်ရေးပေးလိုက်ပါတယ် ... အဲဒါတော့ တခြားမဟုတ်ဘူးဗျ coc သမားတွေ အဖြစ် များတဲ့ ပြဿဏာ တခုပါ အရင်ဆုံး ဒေါင်းလုပ် လုပ်လိုက်ပါအုံး ...


လုပ်ပြီးသွားရင်တော့ APP လေးဖွင့်လိုက်ပါ ... 

{x} Requirements {x}

1 } ဖုန်းထဲမှာ Viber Installation လုပ်ထားမယ်ဆိုရင်တော့ ဖျတ်လိုက်ပါ or Force Stop ဖြစ်ဖြစ်လုပ်ထားပါ ကွိုင်တက်နိုင်လို့ပါ .
2 } coc ကို Installation လုပ်ထားရင်လဲ လုံးဝ မဖွင့်ပါနဲ့ဗျာ ... အိုကေစကြတာပေါ့ . 

အဲဒီအချက် ၃ ချက်ကို လုပ်ပြီးမှ သာ  မလုပ်ခင်လဲအဲဒီ ၃ ချက် က အရေးကြီးပါတယ် အဲဒီအချက်တွေလုပ်ပြီးရင်တော့ ပုံမှန်အတိုင်းပဲအကောင့်ထည့်ပြီး ပြန် ဆော့လို့ရပါပြီ ...

အရင်ဦးဆုံးခုဏ က ဒေါင်းခဲ့တဲ့ ကောင်လေးကို ဖွင့်လိုက်ပါ .


 ကဲပေါ်လာပြီဆိုရင်တော့ အိုကေ ကိုနှိပ်ပေးပြီးတော့ ဆက်သွားလိုက်ပါ ...



နောက်ထပ် ထပ်လုပ်ရမှာကတော့ ... Google Store တွေကို Update လုပ်ရမယ့် ဟာပေါ့ဗျာ ....


Ok ပြီးသွားပြီဆိုရင်တော့ Mobogenie Store ကိုဖွင့်ပြီးတော့ Google နဲ့ပက်သက်တဲ့ ဟာအကုန်လုံးကို update လုပ်ပေးလိုက်ပါ ကဲ ဒီအထိတော့ တော်တော်လေး ခရီးပေါက်နေပြီပေါ့ဗျာ ... ကဲ အားလုံးသော update တွေပြီးသွားပြီဆိုရင်တော့ ... Phone Settings ထဲကို ဝင်လိုက်ပါ Accounts => မှာ Add Account ကိုရွေးပေးပြီး ကိုယ့် ရဲ့ အကောင့်ကို ထည့်ပေးလိုက်ပါ နောက်ထပ်တခုကတော့ Google Play Games ဆိုတာကို Google က ရှာဒေါင်းလိုက်ပါ မလိုအပ်ဘူးလားဆိုတော့ အရမ်းအရေးကြီးတဲ့အထဲမပါပါဘူး ထည့်ထားတော့ ကိုယ်ဘယ်နေ့က စ ဆော့တယ် စချိတ်တယ်ဆိုတာတွေကို ပြန်ကြည့်လို့ အဆင်ပြေတာပေါ့ဗျာ ... အို ကေ ဒီလောက်ဆိုရင်တော့ COC ကိုပြန်ဖွင့်လို့ရပါပြီ ... Setting ထဲကိုသွားပြီး Google ကို Connect လုပ်လိုက်ရင်တော့ စိမ်း လန်း ဆိုပြေသွားပြီပေါ့ဗျာ ... 

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

About