Font Embed at Blogspot ?

အော် ... ဘလော့ဂါ တော်တော်များများက blogspot မှာ ဘလော့တွေရေးကြတော့ ယူနီကုဒ် အသုံးပြုသူတွေ ဖတ်လို့မရတဲ့အခက်အခဲတွေဖြစ်လာနိုင်တာပေါ့ဗျာ ... အဲဒီတော့ဘာလုပ်ရင်အဆင်ပြေမလဲ ?

အရင်ဦးဆုံး ကိုယ်က ဘာနဲ့ရေးမှာဆိုတာကို စဉ်းစားပေါ့ . ဇော်ဂျီနဲ့ရေးမှလား ယူနီကုဒ်နဲ့ရေးမှာလားပေါ့ ... အကယ်လို့ဇော်ဂျီနဲ့သာ "က" အယ် ရေးမယ်ဆိုရင်တော့ ဇော်ဂျီ ဖောင့်ကို Embed လုပ်ပေးရမှာပါ ယူနီကုဒ်နဲ့ ရေးမယ်ဆိုရင်တော့ ယူနီကုဒ်ကို Embed လုပ်ပေးရမှာပေါ့ဗျာ .

Embed လုပ်ခြင်းအားဖြင့် ?
Embed လုပ်ခြင်းအားဖြင့်တော့ ဖုန်းထဲမှာ ဖြစ်ဖြစ် ကွန်ပြူတာမှာ ဖြစ်ဖြစ် ဖောင့်မရှိရင်တောင် စာဖတ်လို့ရအောင်လုပ်ပေးတာပေါ့ဗျာ . အဲဒီတော့ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့တစ်ခုကို ယူနီကုဒ်နဲ့ ဖတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်တာပေါ့ . Blog တစ်ခုလုံးကိုပြောင်းလဲမှာဖြစ်တဲ့အတွက် ကိုယ်က သက်သက် ကြီးတင်ပေးနေစရာမလိုအပ်တော့ဘူးပေါ့ . မဟုတ်ရင် Converter တွေ သုံးနေရ ဘာရနဲ့အချိန်ကုန်တာပေါ့ဗျာ . မြင်ရတဲ့ ဖောင့်ကတော့ ကွန်ပြူတာ / ဖုန်း ထဲမှာမရှိတောင် မြင်ရအောင်လုပ်ပေးတာပေါ့ ... ရှင်းလေရှည်လေ ဖြစ်တော့မယ် .

ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတော့ .
Blogger ကိုဝင်လိုက်ပါ . ပြီးရင်တော့ Templates ဆိုတာလေးရှိပါတယ် အဲဒါကို နှိပ်ပေးလိုက်ပါ . နောက်ထပ်မြင်ရမှာကတော့ Customize ပဲပေါ့ ... အဲဒီထဲမှာ ဘယ်ဘက် အောက်ဆုံးမှာရှိတဲ့ Advanced ကိုနှိပ်ပေးလိုက်ရင်တော့ css ထည့်လို့ရတဲ့ နေရာလေးကို ရောက်သွားပါလိမ့်မယ်. အဲဒီမှာ Code လေးကို ကူးထည့်လိုက်ရင်တော့ အဆင်ပြေသွားပါပြီဗျာ .



ပြီးသွားရင်တော့ Apply To Blog ပါ ... ပြန်စမ်းချင်ရင်တော့ Website ကိုဖွင့်ပြီး ယူနီကုဒ် သွင်းထားတဲ့ Zawgyi သွင်းထားတဲ့ စက်မှာ အဲဒီဆိုဒ်ကို ကောင်းကောင်းဖတ်လို့ရပါပြီ .

ဇော်ဂျီ ထည့်ချင်ရင်တော့ mmwebfonts.comquas.com မှာသွားပြီး ဖောင့်ကိုယူလို့ရပါတယ်ဗျာ . ဒီလောက်ဆိုရင် အဆင်ပြေမယ်လို့တော့ မျှော်လင့်ပါတယ် .

0 comments:

Post a Comment

About