WIRELESS LAN NETWORKING အကြောင်း

Wireless LAN Networking ဆိုတာ နေရာဒေသ တစ်ခုအတွင်းက computer တွေက ရင်းမြစ်တွေကို တပြိုင်နက်တည်း wire ကြိုးနဲ့ချိတ်ဆက်မထားဘဲ ရယူ သုံးစွဲနိုင်တဲ့ network ပုံစံတစ်ခုဖြစ်ပါတယ်။ ဒီရင်း မြစ်တွေထဲမှာ ကြီးမားကျယ်ပြန့်တဲ့ broadband Internet ဆက်သွယ်ရေးတွေ၊ network မှာ ဝေမျှသုံးစွဲနေတဲ့ Printers တွေ၊ database ထဲက data file တွေအပြင် အသံ file နဲ့ ရုပ်သံ file တွေ streaming audio နဲ့ video file တွေပါဝင်ပါတယ်။ wireless network ကြိုးမဲ့ကွန်ယက် စနစ်နဲ့ ဆက်သွယ်မှုဖြစ်တဲ့ IOBASE-T network ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း လုပ်ဆောင် ပေးနိုင်ပါတယ်။
ကြိုးမဲ့ကွန်ယက်ကို ၁၉၉၉ ခုနှစ် ဇွန်လမှာ IEEE က 802.11 standard အဖြစ်စံသတ်မှတ်ခဲ့ပါတယ်။ 802.11 ရဲ့ စံသတ်မှတ်ချက် (၄) မျိုးရှိပါတယ်။

(1) 802.11
radio frequency လှိုင်း 2.4 GHz အတွင်း Phase shift keying (PSK) modulation ကို သုံးပြီး data ကို 1 Mbps ကနေ 2 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ IEEE ရဲ့ မူရင်းစံသတ်မှတ်ချက်ဖြစ်ပါတယ်။

802.11a
data 6Mbps နှုန်း၊ 12 Mps နှုန်း၊ 24 Mbps နှုန်းနဲ့ radio လှိုင်း 5 ကနေ 6GHz အတွင်းမှာ မြန်တဲ့ serial information signal တွေကို နည်းနည်းနှေးတဲ့ signal အဖြစ် ခွဲချပြီး မတူတဲ့ frequency လှိုင်းတွေက တဆင့်တပြိုင် နက်တည်းပို့လွှတ်နိုင်တဲ့ Orthogonal frequency Division Multi plexing (OFDM) modulation ကို သုံးပြီး အလုပ်လုပ် တဲ့အတွက်ကြောင့် data ကို အမြင့်ဆုံး 54 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ 802.11a ကို WiFi 5 လို့လည်း လူသိ များပါတယ်။

(3) 802.11b
Complementary Code Keying (CCK) modulation ကို သုံးတဲ့ 802.11bm data rate 11 Mbps ကိုလှိုင်း 2.4 GHz အတွင်းမှာ ပို့လွှတ်ပေးပြီး Wi Fi လို့လည်း ထင်ရှားပါတယ်။

(4) 802.11g
802.11 စံသတ်မှတ်ချက်ရဲ့ မူကြမ်းအဆင့်ပဲရှိ သေးတဲ့ 802.11g က သတ်မှတ်ထားတဲ့ အကွာအဝေးမှာ data 54 Mbps နှုန်းနဲ့ လှိုင်း 2.4GHz အတွင်းပို့လွှတ်ပေး နိုင်ပါတယ်။
ဒီ standard အားလုံးက path လမ်းကြောင်းကို ခွဲဝေသုံးစွဲပေးတဲ့ Carrier Sense Multiple Access with Collision Avoidance ဖြစ်တဲ့ CSMA/CA Ethernet protocol ကို အခြေခံထားပါတယ်။ ကြိုးမဲ့ကွန်ယက်နည်း ပညာတွေအကြောင်း ပြောပါမယ်။ WLAN နည်းပညာ (၄) မျိုးရှိပါတယ်။

(1) Narrowband
Narrowband နည်းပညာဆိုတဲ့အတိုင်း data ပို့ဖို့ 64 kbps အတွင်းရှိတဲ့ radio လှိုင်းကို သုံးပါတယ်။

(2) Spread Spectrum
Spread Spectrum ကို အစကစစ်တပ်မှာ သုံးဖို့ တီထွင်ခဲ့ပေမယ့် ပိုမယ့် data signal ရဲ့ လှုှိုင်းကို အဆက် မပြတ် ပြောင်းလဲနိုင်ဖို့ Spread Spectrum နည်းပညာက bandwidth များများသုံးနိုင်အောင် ဆောင်ရွက်ပေးပါ တယ်။ narrowband ထက် bandwidth ပိုများပြီး data ပို့လွှတ်မှုမှာလည်း စိတ်ချလုံခြုံပြီး လွယ်ကူပါတယ်။


(3) Frequency Hopping Spread Spectrum (FHSS)
FHSS က data ပို့တဲ့ computer နဲ့လက်ခံမယ့် computer ရဲ့ လှုှိုင်းပြောင်းလဲမှုတွေအတွက် ချိန်သားကိုက် လုပ်ဆောင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီ hopping လှိုင်း၊ frequency က အချိန်တစ်ခုရောက်တိုင်း လှိုင်းတစ် ခုကနေတစ်ခုကို ပုံသေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ frequency လှိုင်းမပြောင်းခင်မှာ data ကို ပို့တာ ဖြစ်ပါတယ်။

(4) Direct Sepence Spread Spectrum (DSSS)
ဒီနည်းပညာက FHSS ထက် bandwidth ပိုကြီးပြီး စိတ်ချလုံခြုံမှုကို ပိုပြီးဦးစားပေးထားပါတယ်။ ပို့မယ့် data ကို အစိတ်အပိုင်းလေးတွေ ဖြစ်အောင်ခွဲချလိုက်ပြီး frequency channel လှိုင်းလမ်းကြောင်းပေါ်ကနေ data ပို့ တာဖြစ်ပါတယ်။ ပို့မယ့် bit pattern တစ်ခုစီကို ထုတ်လုပ် ပါတယ်။ data bit တွေ ပျက်စီးသွားရင်တောင်မှ chipping code ကြောင့် data signal ကို ပြန်ပို့စရာမလိုဘဲ ပြန်လည်ရရှိနိုင်ပါတယ်။
802.11 စံသတ်မှတ်ချက်က operational ပုံစံနှစ် မျိုးသတ်မှတ်ထားပါတယ်။ ad hoc (peer-to-peer) ပုံစံနဲ့ infra structure ပုံစံတို့ဖြစ်ပါတယ်။
Ad-hoc ပုံစံမှာ 802.11 network interface cards တွေပဲပါဝင်ပြီး access point မသုံးဘဲ network ထဲမှာ computer တွေက တစ်လုံးနဲ့တစ်လုံးတိုက်ရိုက်ချိတ်ပြီး ဆက်သွယ်တာဖြစ်ပါတယ်။ ဒီပုံစံမျိုးနဲ့ ဆက်သွယ်မှုကို Independent Basic Service Set (IBSS) ဒါမှမဟုတ် peer-to-peer ပုံစံလို့ခေါ်ပါတယ်။


Infrastructure ပုံစံမှာ wire less access points နဲ့ 802.11 network interface card တွေနဲ့ဖွဲ့စည်းထားပါ တယ်။ ဒီပုံစံမှာ access point က base station ပုံစံနဲ့ network မှာရှိတဲ့ computer တွေကို access point ကနေ တဆင့်ဆက်သွယ်ပေးတာဖြစ်ပါတယ်။ ဒီ access point က wireless range ကို တိုးပေးနိုင်ပါတယ်။ wireless users တွေ များလာတာကိုလည်း လုပ်ပေးနိုင်ပါတယ်။ ဒီ netwok ရဲ့ လုံခြုံမှုကိုလည်း လုပ်ဆောင်ပေးပါတယ်။ wireless network မှာ access point တစ်ခုပဲ သုံးရင် Basic Service Set (BSS) လို့ ခေါ်ပြီး network မှာ access point တစ်ခုထက်မကချိတ်ပြီး ဆက်သွယ်ထားရင်တော Extended Service Set (ESS) လို့ ခေါ်ပါတယ်။


802.11 စံသတ်မှတ်ချက်မှာ roaming capabilities လို့ခေါ်တဲ့ client computer က ချိတ်ဆက်ဖို့ signal အား နည်းနေရင်မတူညီတဲ့ လှိုင်းလမ်းကြောင်း channel တွေ ပေါ်မှာရှိတဲ့ access point တွေကို အားကောင်းတဲ့ signal ရအောင် ချိတ်ဆက်ယူတဲ့ စွမ်းရည်ပါဝင်ပါတယ်။ ကြိုးမဲ့ကွန်ယက်မှာပါဝင်တဲ့ ပစ္စည်းတွေက computer 3 လုံးအထက် ကြိုးမဲ့ချိတ်တဲ့အခါမှ လိုအပ်မယ့် access point, ပေ ၁၀၀၀ အတွင်းအကာအကွယ်မရှိတဲ့ နေရာမှာ ad-hoc network ပုံစံနဲ့ ဆက်သွယ်မယ့် computer တွေအတွက် PC Card နဲ့ PCI Adapter၊ internet connection ကို ဝေခွဲသုံးစွဲဖို့ router တို့ပဲဖြစ်ပါတယ်

  1. ကြိုးမဲ့ကွန်ယက်မှာ ပါဝင်တဲ့ပစ၊ည်းတွေရဲ့ အကွာ အဝေး (ဒီအကွာအဝေးက accesspoint နဲ့ NIC card ရဲ့ အကွာအဝေး ဖြစ်ပါတယ်။)

  2. သုံးတဲ့ပစ၊ည်းတွေရဲ့ power အနေအထား(WLAN မှာ device တော်တော်များများဟာ cellular phone/walkie-talkie ထက် အဆပေါင်းများစွာ နည်းတဲ့ 30 mWပဲ ထုတ်ပါတယ်။)

  3. အဆောက်အဦးတွေ၊ အိမ်တွေမှာရှိတဲ့ ပစ၊ည်း ကိရိ ယာတွေ ( ဥပမာအားဖြင့် သစ်သား၊ သတ္ထု )

  4. Radio frequency interference ရဲ့ အကျိုးသက် ရောက်မှု

  5. Antenna အမျိုးအစားနဲ့ထားတဲ့နေရာ စတာတွေ ကြောင့် လုပ်ဆောင်နိုင်စွမ်းတွေ ကွာခြားပါတယ်။




   ကြိုးနဲ့ဆက်သွယ်တဲ့ ကွန်ယက်ပဲဖြစ်ဖြစ် ကြိုးမဲ့ ဆက်သွယ်တဲ့ကွန်ယက်ပဲဖြစ်ဖြစ် လုံခြုံရေးက အရေးကြီး ပါတယ်။ ကြိုးမဲ့ users တွေက security builtin ပါပြီးသား Wireless Equavalent Privacy (WEP) ကို သုံးပြီး မိမိတို့ ကွန်ယက်ကို အတော်အသင့်ကာကွယ်နိုင်ပါတယ်။ WEP မှာ 64 bit နဲ့ 128 bit encryption ကို သုံးထားပါတယ်။ default password တွေကို မကြာခဏပြောင်းလဲဖို့လိုပါ တယ်။ Access point တချို့ကို access လုပ်ခွင့်ရှိတဲ့ MAC (Media Access Control) ကို ကန့်သတ်ချက်ထားရပါမယ်။ IP address တွေကို dynamically ချပေးနေတဲ့ DHCP protocol ကို ပိတ်ထားဖို့လိုပါတယ်။ default သုံးထားတဲ့ ip address တွေရဲ့ subnet ကိုလည်းပြောင်းပေးရပါမယ်။ လုံခြုံမှုအရှိဆုံးကတော့ access point ကို သက်ဆိုင်ရာ LAN မှာ မထားဘဲ firewall မှာဒါမှမဟုတ် DMZ (demilitarized zone) မှာ ထားတာဖြစ်ပါတယ်။ VPN (Virtual Private Network) ကို သုံးဖို့လည်းလိုအပ်ပါတယ်။ ဒါတွေ က ကြိုးမဲ့ကွန်ယက်လုံခြုံရေးရှိဖို့လုပ်ဆောင်ရမယ့် လုပ် ဆောင်ချက်တွေ ဖြစ်ပါတယ်။

0 comments:

Post a Comment

About