Change Font Settings { Mozilla & Chrome }

မရေးတာလဲ ကြာနေပြီလေ ... ရေးမယ့်ရေးတော့လဲ ဟိုးအစ General ကနေပြီးတော့ စရေးတာပေ့ါဗျာ ။

Font Design ပြောင်းတဲ့အခါမှာ ... Web browser တွေအပေါ်မူတည်ပြီးတော့ ပြောင်းနည်းလေးတွေ နည်းနည်းကွဲတာပေါ့ အိုကေ စကြရအောင်

အရင်ဦးဆုံး Mozilla Firefox မှာ Font ပြောင်းနည်းကတော့ Firefox ကိုဖွင့် Tools


ပြီးရင် Options အဲဒီနောက်မှာ Content


Content မှာ Fonts & Colors ဆိုတာလေးရှိပါတယ်အဲဒီမှာ ကိုယ်ပြောင်းချင်တဲ့ ဖောင့်နာမည်ကို ရွေးပေးကမှာပေါ့ဗျာ ဘယ်အရာကိုရွေးမလဲ မြန်မာ ၁ လား မြန်မာ ၂ လား မြန်မာ ၃ လားအစရှိသဖြင့်ပေါ့ဗျာ


အကယ်လို ဒီနည်းနဲ့ Font မပြောင်းလဲသွားဘူးဆိုရင်တော့ Font & Colors မှာ Advanced ဆိုတာလေးကိုနှိပ်ပြီး

Fonts For : Other Writing Systems
Proportional : Sans Serif
Serif : Pyidaungsu
Sans-serif : Pyidaungsu
Monospcace : Pyidaungsu

ဒီနေရာမှာ ပြည်ထောင်စုက ဖောင့်နာမည်ကိုပြောတာပါ အဲနေရာမှာ တစ်ခြား ကိုယ်ပြောင်းချင်တဲ့ ဖောင့်နာမည်ကို ရွေးပြီး ပြောင်းမယ်ဆိုရင် Browser မှာ ကိုယ်မြင်ချင်တဲ့ ဖောင့်နဲ့ မြင်နိုင်ပြီပဲဖြစ်ပါတယ်ဗျာ .... ဒါကတော့ Mozilla Firefox မှာပြောင်းတဲ့နည်းပေ့ါဗျာ ...

Google Chrome မှာကော ဘယ်လိုပြောင်းသလဲဆိုတော့ ,,,

Tools => Settings { Ctrl + H } History Tab ကနေပြီးတော့မှ Settings ကိုသွားနိုင်ပါတယ်ဗျာ Setting Page ကိုရောက်သွားရင်တော့ Show Advanced Settings ... ကိုနှိပ်ပေးပြီး Web Content မှာ Font ဆိုတာလေးရှိပါတယ် အဲဒီမှာ Customize Fonts ကိုနှိပ်ပေးလိုက်ရင် ....


Encoding မှာ Unicode ( UTF-8 ) ပြောင်းပေးလိုက်ရင်တော့ အဆင်ပြေပြေအသုံးပြုလို့ရနိုင်ပါပြီပေ့ါဗျာ 

ကျန်တာတွေတော့ ထွေထွေထူးထူးပြောစရာမရှိလို့ ဒီလောက်ပါပဲဗျာ :D

0 comments:

Post a Comment

About